သမိုင်းကြောင်း

သမိုင်းကြောင်း

တည်နေရာအကျယ်အဝန်း
ရှမ်းပြည်နယ်တရားလွှတ်တော်သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင်တည်ရှိပြီးအရှေ့ဘက်တွင် ဆောက်လုပ်ရေးဝင်း၊ အနောက်ဘက်တွင် ရုံးကြီးလမ်း၊ တောင်ဘက်တွင် ပြည်နယ်သစ်တောဦးစီးဌာနနှင့် မြောက်ဘက်တွင် သပြေလမ်းတို့ရှိပြီး အရှေ့ဘက်တွင် (၄၀၀)ပေ၊ အနောက်ဘက်တွင် (၄၁၅)ပေ၊ တောင်ဘက်တွင် (၂၇၂)ပေ၊ မြောက်ဘက်တွင် (၂၂၁)ပေရှိပြီး ဧရိယာအားဖြင့် (၂.၂၄၈) ဧကကျယ်ဝန်းပါသည်။

မြေပိုင်ဆိုင်မှု
အဆောက်အဦတည်ရှိရာမြေကွက်သည် တရားရေးဌာနပိုင်မြေဖြစ်ပြီး ဦးပိုင်အမှတ် (၁၆)၊ အကွက်အမှတ် (၄၄) ဧရိယာ၊ (၂.၂၄၈)ဧက၊ ဂရန်အမှုတွဲအမှတ် (၆/၂၀၁၀) ဖြစ်ပြီး နှစ်(၃၀)ဂရန်ရရှိထားပါသည်။

အဆောက်အဦး
ရှမ်းပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အဦသည် နှစ်ထပ်တိုက်၊ ပျဉ်ခင်း၊ သွပ်မိုးအဆောက်အဦ ( အလျား ၁၀၀ ပေ _ အနံ ၄၈ ပေ ) ဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပါသည်။ ရှမ်းပြည်နယ်တရားရုံး (တောင်ပိုင်း)အဖြစ် အသုံးပြုခဲ့ရာမှ ၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းပြီးနောက်မှ ရှမ်းပြည်နယ်တရားလွှတ်တော်အဖြစ် အသုံးပြုနိုင်ရန် အတွက် အမှတ်(၉၅၆) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲမှ အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်ပေးခဲ့ပါသည်။