သတင်းများ

ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း
Post Image Post Image Post Image Post Image

ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ)ပြုလုပ်ခြင်း

                   ၁၈.၉.၂၀၂၆ ရက်နေ့၊ ညနေ(၁၅:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင် ဦးဆောင်လျက် ရှမ်းပြည်နယ်တရားလွှတ်တော်၌ တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၅၆)ဦး၏  ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအတွက် ဆန္ဒဖော်ထုတ်ပွဲ(ဒါဘာ) ကျင်းပပြုလုပ်သည်။

                  ၎င်းနောက် ဝန်ထမ်းတစ်ဦးလျင် ကြက်ဥ ၁၅ လုံး၊ အာလူး ၁ ပိဿာ၊ ဂေါ်ရခါးသီး ၂ လုံးနှင့် ပန်းမုန်လာ ၁ ပွင့်စီ ထောက်ပံ့ပေးခဲ့ပါသည်။

 

                   ရှမ်းပြည်နယ်တရားလွှတ်တော်