သတင်းများ

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း
Post Image Post Image Post Image Post Image Post Image

တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပခြင်း

 

           ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားစီရင်ရေးဆိုင်ရာ မဟာဗျုဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၊ စတုတ္ထနှစ်မဟာဗျုဟာလုပ်ငန်းအစီအစဉ် (၂၀၂၆)၊ မဟာဗျုဟာအစီအစဉ် ၅.၃.၁ ပါ “တရားရုံးကဦးဆောင်သည့်စေ့စပ်ဖြေရှင်းရေးစနစ်” အား နယ်ပယ်အသီးသီး၌ အသိပညာပေးရေးအစီအစဉ်နှင့်အညီ ဥပဒေအရာရှိများနှင့် ရှေ့နေရှေ့ရပ်များအား အသိပညာပေး ဆွေးနွေးပွဲအား ၉-၉-၂၀၂၆ ရက်နေ့ နံနက် (၀၉း၀၀)နာရီမှ (၁၀း၁၅)နာရီထိ ရှမ်းပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါဆွေးနွေးပွဲသို့ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်တရားရေးဦးစီးမှူး နှင့် တရားရေးအရာရှိများ၊ ဥပဒေအရာရှိများနှင့် ရှေ့နေရှေ့ရပ် စုစုပေါင်း (၆၀)ဦး တက်ရောက် ကြသည်။

                                                                                                                                                                        ရှမ်းပြည်နယ်တရားလွှတ်တော်