သတင်းများ

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း
Post Image Post Image Post Image Post Image Post Image Post Image

 

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

          ၁၉.၉.၂၀၂၆ ရက် ( စနေနေ့ )  နေ့လည်  ၁၄:၀၀ နာရီအချိန်တွင်  ရှမ်းပြည်နယ်တရား

လွှတ်တော် အစည်းအဝေးခန်းမ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်၊  ပြည်နယ် တရားရေးဦးစီးမှူးနှင့်ရှမ်းပြည်နယ်တရားလွှတ်တော်၊တောင်ကြီးခရိုင်တရားရုံးနှင့်တောင်ကြီးမြို့နယ် တရားရုံးတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၇၉ ဦး တက်ရောက်ကြသည်။

                   အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရှမ်းပြည်နယ်တရားလွှတ်တော်မှ ဒုတိယ ညွှန်ကြားရေးမှူး(တရားစီရင်ရေး) ဦးမြင့်စိုးက ယာဉ်နှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာ သိကောင်း စရာများကိုလည်းကောင်း၊ တောင်ကြီးမြို့၊ အမှတ်(၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းတောင်)မှ ဒုတိယ ရဲမှူးမျိုးသန့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း အသီးသီး ဟောပြောခဲ့ကြပါသည်။

                   ၎င်းနောက် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်က ဟောပြောပေးသည့်ဒုတိယညွှန်ကြားရေးမှူး(တရားစီရင်ရေး)ဦးမြင့်စိုးနှင့်ဒုတိယရဲမှူးမျိုးသန့်တို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

                  

ရှမ်းပြည်နယ်တရားလွှတ်တော်