သီတင်းကျွတ် ဂါရဝပြုပွဲ ကျင်းပခြင်း
၁၆.၁၀.၂၀၂၆ ရက်နေ့၊ ညနေ(၁၅:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး တို့အား ပြည်နယ်တရားလွှတ်တော်ရှိ အရာထမ်း၊ အမှုထမ်းများ၊ တောင်ကြီးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ အရာထမ်း၊ အမှုထမ်းများက သီတင်းကျွတ်ကာလအခါသမယတွင် ဂါရဝပြု ကန်တော့ သည့်အခမ်းအနားကို ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အခမ်းအနားအပြီးတွင် ရှမ်းပြည်နယ်တရားလွှတ်တော်၌ တာဝန်ထမ်းဆောင်လျက် ရှိသော အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၅၄)ဦးအား တစ်ဦးလျင် ကြက်ဥ ၂၀ လုံးစီ ထောက်ပံ့ပေး ခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်