ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်တရားလွှတ်တော်နှင့် ဥပဒေချုပ်ရုံး ဝန်ထမ်းများအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား တက်ရောက်ခြင်း
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်တရားလွှတ်တော်နှင့် ဥပဒေချုပ်ရုံး ဝန်ထမ်းများ အား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ၁.၂.၂၀၂၄ ရက်နေ့၊ နေ့လည် ၁၃:၃၀ နာရီအချိန်တွင် ကျင်းပပြု လုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၃)ဦး၊ အရာထမ်း၊ အမှုထမ်း (၃၀)ဦး၊ စုစုပေါင်း(၃၄)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် တရားလွှတ်တော်မှ အရာထမ်း၊ အမှုထမ်း (၆၀)ဦးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်း (၆၅)ဦး၊ စုစုပေါင်း အရာထမ်း၊ အမှုထမ်း(၁၂၅)ဦးတို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်း(၆)မျိုးကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ရှမ်းပြည်နယ်တရား လွှတ်တော်နှင့်ဥပဒေချုပ်ရုံး ဝန်ထမ်းများအား ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို နေ့လည် ၁၄:၁၅ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ တိုက်ပွဲရှောင်လာကြသည့် အရာထမ်း၊အမှုထမ်းများအား အခြေခံစားသောက်ကုန် များကို ၅.၂.၂၀၂၄ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်း အဝေးခန်းမ၌ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့မှ ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို နံနက် ၁၁:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်