ဖူဆယ်အားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ဆုဖလားအပ်နှံခြင်း
အခမ်းအနားကျင်းပခြင်း
၂၀၂၄ ခုနှစ်၊(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ မှကြီးမှူးကျင်းပပြုလုပ်သည့် ဌာနပေါင်းစုံ အမျိုးသားဖူဆယ် အားကစားပြိုင်ပွဲတွင် ရှမ်းပြည်နယ် တရားလွှတ်တော် ဖူဆယ်အသင်းမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပွဲစဉ်တလျှောက် ရှုံးပွဲမရှိအသင်းအဖြစ် အနိုင်ရဗိုလ်စွဲပြီး ပထမဆုဖလားကို ထိုက်တန်စွာရရှိခဲ့သည့်အပြင် အကောင်းဆုံးကစားသမားဆုကို ဦးနေရဲလင်း ( ဒုတိယမြို့နယ်တရားသူကြီး၊ တောင်ကြီးမြို့နယ်တရားရုံး ) မှ ရရှိခဲ့သဖြင့် ဖူဆယ် အားကစားသမားများအား ဂုဏ်ပြုပွဲနှင့် ဆုဖလားအပ်နှံခြင်းအခမ်းအနားကို ရှမ်းပြည်နယ်တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ၈.၁.၂၀၂၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပပြုလုပ် ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်နယ်တရားသူကြီးချုပ်မှ ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ် တရားလွှတ်တော်ဖူဆယ်အသင်းအား ဂုဏ်ပြုဆုငွေကျပ်(၃)သိန်းနှင့်ဖူဆယ်အားကစားသမားတစ်ဦးချင်းစီအတွက် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ပထမဆုဖလားကို ပြည်နယ်တရားသူကြီးချုပ်ထံ ဖူဆယ်အသင်းအုပ်ချုပ်သူများက အပ်နှံပေးခဲ့ကြပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်