တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းအမှတ်စဉ် - ၁/၂၀၂၃ သင်တန်းဖွင့်လှစ်ခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၏ ၂၀၂၃ခုနှစ် သင်တန်းစီမံချက်အရ ရှမ်းပြည်နယ်တရားလွှတ်တော် တွင် တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်းအမှတ်စဉ်- ၁/၂၀၂၃ ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၉၊၁၀) နှင့် (၁၆၊၁၇) ရက်နေ့ စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် ရှမ်းပြည်နယ် တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပို့ချခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားကို (၉-၁၂-၂၀၂၃)ရက်နေ့ (၀၉:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို (၁၇-၁၂-၂၀၂၃)ရက်နေ့ ၁၆:၀၀ နာရီအချိန်တွင် ပြုလုပ်ရာ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများဖြစ်ကြသော ဒေါ်စန္ဒာအောင်၊ ဦးအောင်သိန်း၊ ဒေါ်နန်းမေယဉ် နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်အုန်းတင့်၊ ပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိ သင်တန်းဆရာများနှင့် သင်တန်းသားများ စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ သည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမှာစကားပြော ကြားခဲ့ပြီး သင်တန်း၌ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် ပြည်နယ်တရားရေးဦးစီးမှူးက သင်တန်းဆင်းလက်မှတ်များပေးအပ်၍ မှတ်တမ်းဓါတ်ပုံများ ရိုက်ပြီး အခမ်းအနားကို (၁၇:၀၀)နာရီ တွင် ရုပ်သိမ်းခဲ့သည်။
ရှမ်းပြည်နယ်တရားလွှတ်တော်