သတင်းများ

သီတင်းကျွတ်ဂါရဝပြုပွဲနှင့် ဝန်ထမ်းများအားထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်
Post Image Post Image Post Image Post Image Post Image

သီတင်းကျွတ်ဂါရဝပြုပွဲနှင့်

ဝန်ထမ်းများအားထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပပြုလုပ်

 

ရှမ်းပြည်နယ်တရားလွှတ်တော်၏ သီတင်းကျွတ်ဂါရဝပြုပွဲနှင့်ဝန်ထမ်းများ အား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကို ၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၉)ရက်၊ ၂၄.၁၀.၂၀၂၃ ရက်(အင်္ဂါနေ့) မွန်းလွဲ(၁၄း၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးများနှင့် ပြည်နယ်တရားရေးဦးစီးမှူး၊ရှမ်းပြည်နယ်တရား လွှတ်တော် ၊ တောင်ကြီးခရိုင်/ မြို့နယ်တရားရုံးများမှ တရားရေး အရာရှိများနှင့် ဝန်ထမ်း များ တက်ရောက်ကြသည်။

အစီအစဉ်အရ တက်ရောက်လာကြသော အရာထမ်း၊ အမှုထမ်းများက ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီး များနှင့် ပြည်နယ်တရားရေးဦးစီးမှူးတို့အား ဂါရဝပြုကန်တော့ကြပြီး ဩဝါဒစကား ခံယူ ကြသည်။

ထို့နောက် အရာထမ်း၊ အမှုထမ်းများအား ထောက်ပံ့ငွေများနှင့် တူညီ ဝတ်စုံများ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်

နှစ်စဉ် အစီအရင်ခံစာ