အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ၁၇.၉.၂၀၂၃ ရက်နေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် မိုင်းဆတ်ခရိုင် တရားသူကြီး ဦးသက်ထွန်းနှင့် မိုင်းဆတ်မြို့နယ်တရားသူကြီး ဒေါ်မေဆုမွန်ကျော် တို့ လိုက်ပါလျက် မိုင်းဆတ်အကျဉ်းထောင်အားလည်းကောင်း၊ ဆက်လက်၍ ယင်းနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် မိုင်းဆတ်မြို့မရဲစခန်းအားလည်းကောင်း၊ ဆက်လက်၍ ယင်းနေ့ ညနေ ၁၅:၃၀ နာရီအချိန်တွင် မိုင်းတုံခရိုင်တရားသူကြီး ဦးပုညနှင့် မိုင်းတုံမြို့နယ် တရားသူကြီး ဦးဖြိုးမင်းထက်တို့လိုက်ပါလျက် မိုင်းတုံမြို့မရဲစခန်းအားလည်းကောင်း သွား ရောက်စစ်ဆေးခဲ့ပြီး ထိုသို့ အကျဉ်းထောင်နှင့် အချုပ်စခန်းများ စစ်ဆေးခြင်းနှင့်ပတ်သက်၍ အကျဉ်းထောင်များ စစ်ဆေးရာတွင် အကျဉ်းထောင် ၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား / အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင် စားသောက်မှု အဆင်ပြေချောမွေ့မှုရှိ/မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေရရှိမှုအခြေအနေ၊ ဥပဒေပါ အခွင့်အရေးအရ အယူခံ/ပြင်ဆင်တက်ရောက်မှု အခွင့်အရေးရရှိမှုရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းသားများအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေး အတွက်ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများရရှိမှုရှိ/မရှိ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိ/မရှိ၊ အချုပ်ခန်းများစနစ်တကျ လုံခြုံမှုရှိရေးစသည်များကို စစ်ဆေး ကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ရဲစခန်းအချုပ်ခန်းများ စစ်ဆေး ရာတွင် ရဲအချုပ်စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေမှုရှိ/မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသောအခက်အခဲများကို မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သား များအား အချုပ်စခန်းတွင်ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက် ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှုရှိ/မရှိ၊ အချုပ်စခန်း တွင်း အချုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိ/မရှိ၊ အချုပ်ခန်းများ စနစ်တကျ လုံခြုံမှုရှိရေးစသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါ သည်။
ရှမ်းပြည်နယ်တရားလွှတ်တော်