သတင်းများ

ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပပြုလုပ်
Post Image Post Image Post Image Post Image

ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပပြုလုပ်

          ရှမ်းပြည်နယ်တရားလွှတ်တော်၏ “ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား”ကို   ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၁၁)ရက် ၊ ၁၂-၈-၂၀၂၂ ရက်နေ့ (စနေနေ့) နံနက်(၁၀း၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

            အခမ်းအနားသို့ ရပ်တော်မူကျောင်းတိုက်မှ ပင့်ဖိတ်ထားသည့် ဆရာတော် သံဃာတော်(၅)ပါး ကြွ‌ရောက်တော်မူကြပြီး     ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ရှမ်းပြည်နယ်တရားလွှတ်တော်၊ တောင်ကြီးခရိုင်/မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။

            အစီအစဉ်အရ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များကို ကြည်ညို စွာနာယူကြသည်။ ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်