အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ၁၁.၈.၂၀၂၃ ရက်နေ့ နေ့လည် ၁၂:၁၅ နာရီအချိန်တွင် ရုံးအဖွဲ့မှူး ဦးဆန်းထွန်းဦး၊ ကလောခရိုင်တရားသူကြီး ဦးထင်ကျော်နှင့် ကလောမြို့နယ်တရားသူကြီး ဒေါ်အေးလဲ့စန္ဒီမြင့်တို့လိုက်ပါလျက် ကလောမြို့မရဲစခန်းအားလည်းကောင်း၊ ဆက်လက်၍ ယင်းနေ့ နေ့လည် ၁၄:၂၅ နာရီအချိန်တွင် အောင်ပန်းနယ်မြေရဲစခန်းအားလည်းကောင်း၊ ဆက်လက်၍ ယင်းနေ့ ညနေ ၁၅:၃၅ နာရီအချိန်တွင် ဟဲဟိုးနယ်မြေရဲစခန်းအားလည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး ထိုသို့ ရဲစခန်းအချုပ်ခန်းများ စစ်ဆေးရာတွင် ရဲအချုပ်စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေမှု ရှိ/မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက် နိုင်ရန်လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်း တွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှု ရှိ/မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိ/မရှိ ၊ အချုပ်ခန်းများ သန့်ရှင်းခိုင်ခန့်မှုရှိ/မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်