သတင်းများ

အချုပ်စခန်းသွားရောက်စစ်ဆေးခြင်း
Post Image

ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂၀-၅-၂၀၂၁)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် တောင်ကြီးမြို့၊ မြို့မရဲတပ်ဖွဲ့စခန်းသို့လည်းကောင်း၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင် တောင်ကြီးနယ်မြေရဲတပ်ဖွဲ့စခန်းရှိ အချုပ်စခန်းသို့လည်းကောင်း သွားရောက်စစ်ဆေးခဲ့ရာ တောင်ကြီးခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်စန္ဒာအေး၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ တောင်ကြီးခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးဇော်မင်းနှင့် တောင်ကြီးမြို့နယ်တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်ခိုင်ခိုင်မိုးတို့ လိုက်ပါခဲ့ပြီး သက်ဆိုင်ရာခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးများက လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲတပ်ဖွဲ့အချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများ စစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်ခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ် စခန်းထားရှိမှုအခြေအနေ၊ အချုပ်သားများ ဥပဒေပါ အခွင့်အရေးများ ရရှိမှုရှိ/မရှိ၊ အချုပ်ခန်းအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိ/မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လမ်းညွှန်မှာကြားခဲ့ ပါသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်