သတင်းများ

ရဲဘက်စခန်းနှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

ရဲဘက်စခန်းနှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း

                                                                                                               

                   ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ၁၄.၇.၂၀၂၃ ရက်နေ့ နံနက်၀၉:၄၅ နာရီအချိန်တွင် တောင်ကြီးခရိုင် တရားသူကြီး ဒေါ်ခင်စိုးညွန့်နှင့် တောင်ကြီးမြို့နယ်တရားသူကြီး ဒေါ်သင်းသီရိဝင်းတို့ လိုက်ပါလျက် တောင်ကြီးမြို့နယ်၊ ဘန်းကန်စိုက်ပျိုးမွေးမြူရေးနှင့်အသက်မွေးမှုအတတ်သင် စခန်းအားလည်းကောင်း၊ ယင်းနေ့ ၁၁:၃၀ နာရီအချိန်တွင် ရပ်စောက်မြို့နယ်၊ ထီးခမ်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအားလည်းကောင်း၊ ယင်းနေ့ ၁၂:၃၀ နာရီအချိန်တွင်  ရပ်စောက်မြို့မရဲစခန်းအားလည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး ထိုသို့ ရဲဘက်စခန်းနှင့်အချုပ်စခန်းများ စစ်ဆေးခြင်းနှင့်ပတ်သက်၍ ရဲဘက်စခန်းများ စစ်ဆေးရာတွင် ရဲဘက်စခန်း၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား / အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင် စားသောက်မှု အဆင်ပြေချောမွေ့မှုရှိ/မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေရရှိမှုအခြေအနေ၊ ဥပဒေပါအခွင့်အရေးအရ အယူခံ/ ပြင်ဆင်တက်ရောက်မှုအခွင့်အရေးရရှိမှုရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းသားများအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/မရှိ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိ/မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ရဲစခန်းအချုပ်ခန်းများ စစ်ဆေးရာတွင် ရဲအချုပ်စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေမှုရှိ/မရှိ၊ ကိုဗစ်ကာလ အတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကိုမေးမြန်း၍ ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သား များအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက် စောင့်ရှောက် ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှု ရှိ/မရှိ၊ အချုပ်စခန်း တွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/မရှိ၊ အချုပ်ခန်းများ စနစ်တကျ လုံခြုံမှုရှိရေးစသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါ သည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်