သတင်းများ

ရှမ်းပြည်နယ်တရားလွှတ်တော် မီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

ရှမ်းပြည်နယ်တရားလွှတ်တော် မီဒီယာဆက်ဆံရေးကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ

တောင်ကြီး၊ ဇွန် ၁၇

          ရှမ်းပြည်နယ်တရားလွှတ်တော်အတွင်းရှိ တရားသူကြီးများနှင့် တရားရေးအရာရှိများ၏ မီဒီယာ ဆက်ဆံရေး ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်သည့် အခမ်းအနားကို ရှမ်းပြည်နယ်တရားလွှတ်တော်၏ အစည်းအဝေးခန်းမတွင် ၁၇.၆.၂၀၂၃ ရက်နေ့၊ နံနက် ၀၉း၀၀နာရီ အချိန်၌ကျင်းပခဲ့ရာ ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသတရားရုံး နှင့် ဒေသအတွင်းရှိ မြို့နယ်တရားရုံးများ၊  တောင်ကြီးခရိုင်နှင့် ခရိုင် အတွင်းရှိ မြို့နယ်တရားရုံးများမှ တရားသူကြီးများနှင့် တရားရေးအရာရှိများ တက်ရောက်ခဲ့သည်။ ရှမ်းပြည်နယ်အတွင်းရှိ ကျန်ရှိသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများရှိတရားသူကြီးများ၊ တရားရေးအရာရှိများမှ Video Conferencing စနစ်ဖြင့်တက်ရောက်ခဲ့ကြသည်။ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၁၀၃)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၁၇.၆.၂၀၂၃ ရက်‌နေ့မှ  ၁၈.၆.၂၀၂၃ ရက်နေ့ထိဖြစ်သည်။

          အဆိုပါသင်တန်းတွင် သတင်းပြန်ကြားရေးအရာရှိများ၊ တရားရုံးသတင်းပြန်ကြားရေးအရာရှိ များ၏ လုပ်ငန်းတာဝန်များနှင့် သတင်းမီဒီယာများ သိရှိလိုက်နာရမည့်အချက်များကို ရှင်းလင်းပို့ချ ခဲ့ပြီး TV Inerview နှင့်  Press Conference တို့ကို သရုပ်ပြပြိုင်ပွဲများပြုလုပ်ကာ ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့သည်။