တောင်ကြီးခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံး ဆောက်လုပ်ရန်မြေနေရာတွင်
စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်း
တောင်ကြီးခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးဆောက်လုပ်ရန် မြေနေရာဖြစ်သော တောင်ကြီးမြို့ ကံကြီးရပ်ကွက်၊ ကွင်း/အကွက်အမှတ် (၁၉၆)၊ ကိုးနဝင်းတောင်ခြေမြောက် ဦးပိုင် အမှတ် (၃-င + ၄-င) မြေကွက်အမှတ် (၃/၁၈ + ၄/၁၉)မြေဧရိယာ (၁.၅၈၇)ဧကရှိ မြေနေရာအား (၁၀.၆.၂၀၂၃)ရက်နေ့တွင် စုပေါင်း၍ သန့်ရှင်းရေးပြုလုပ်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံးကြည် တို့အပါအဝင် ရှမ်းပြည်နယ်တရားလွှတ်တော်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်မှ တရားရေး အရာရှိများနှင့် ဝန်ထမ်းများစုစုပေါင်း (၉၀)ဦးသွားရောက်၍ ချုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းကို စည်းလုံးညီညွတ်စွာစုပေါင်း ဆောင်ရွက်ခဲ့ကြသည်။