ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနား
ရှမ်းပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/ အမှုထမ်း များ၏ သားသမီးများအား ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ပညာသင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကို (၂၁.၅.၂၀၂၃) ရက်နေ့ နေ့လည် (၁၄း၀၀)နာရီတွင် အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုအခမ်းအနားကို ရှမ်းပြည်နယ်တရားလွှတ်တော်ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တရားလွှတ်တော် တရားသူကြီးဒေါ်စန္ဒာအောင်၊ တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်နန်းမေယဉ် နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံးကြည်တို့ အပါအဝင် တရားရေးအရာရှိများနှင့် ဝန်ထမ်းများစုစုပေါင်း (၃၂)ဦး တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် တက္ကသိုလ်အဆင့် ကျောင်းသား/သူ (၆)ဦး တစ်ဦးလျှင် (၆၀၀၀၀/-)ကျပ်စီ၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၄)ဦး တစ်ဦးလျှင် (၅၀၀၀၀/-)ကျပ်စီ၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၃)ဦး တစ်ဦးလျှင် (၃၆၀၀၀/-)ကျပ်စီ၊ မူလတန်းအဆင့် ကျောင်းသား/သူ (၁၉)ဦး တစ်ဦးလျှင် (၃၀၀၀၀/-)စီဖြင့် ကျောင်းသား/သူ စုစုပေါင်း (၄၂)ဦးအတွက် (၁၅၉၈၀၀၀/-)ကျပ် ထောက်ပံ့ချီးမြှင့်ခဲ့သည်။