သတင်းများ

တူညီဝတ်စုံထောက်ပံ့ပေးအပ်ပွဲအခမ်းအနား
Post Image Post Image Post Image

တူညီဝတ်စုံထောက်ပံ့ပေးအပ်ပွဲအခမ်းအနား

          ရှမ်းပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း/ အမှုထမ်း များအား ၂၀၂၃ ခုနှစ်အတွက် တူညီဝတ်စုံပေးအပ်ပွဲအခမ်းအနားကို (၇.၃.၂၀၂၃) ရက်နေ့ နေ့လည် (၁၅း၀၀)နာရီတွင် အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

        အခမ်းအနားတွင် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တရားလွှတ်တော် တရားသူကြီးဒေါ်စန္ဒာအောင်၊ တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်နန်းမေယဉ် နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံးကြည်တို့ အပါအဝင် တရားရေးအရာရှိများနှင့် ဝန်ထမ်းများစုစုပေါင်း (၅၇)ဦးတက်ရောက်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဝန်ထမ်း (၄၂)ဦးအားတစ်ဦးလျှင် (၁၅၀၀၀/-)ကျပ်နှုန်းဖြင့် တူညီဝတ်စုံများ အတွက် စုစုပေါင်းတန်ဖိုး (၆၃၀၀၀၀/-)ကျပ်ထောက်ပံ့ချီးမြှင့်ခဲ့ပြီး ဝန်ထမ်းများကိုယ်စား ရှမ်းပြည်နယ် တရားလွှတ်တော်မှ ဌာနခွဲစာရေး ဦးထင်ကျော်စိုးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။