အားကစားလှုပ်ရှားမှု
ရှမ်းပြည်နယ်တရားလွှတ်တော်၊ တောင်ကြီးခရိုင်နှင့် တောင်ကြီးမြို့နယ်တရားရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အမှုထမ်းများအား ၂၀၂၃ ခုနှစ်အတွက် အားကစားလှုပ်ရှုားမှုကို ၂၀၂၃ ခုနှစ်၊ မတ်လ နောက်ဆုံးအပတ်နှင့် ဧပြီလ ပထမအပတ်အတွင်းကကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအားကစားလှုပ်ရှားမှုတွင် ပိုက်ကျော်ခြင်းနှင့် ကြက်တောင်ရိုင်ပြိုင်ပွဲများပါဝင်ပြီး ရှမ်းပြည်နယ်တရားလွှတ်တော်တရားရုံး၊ တောင်ကြီးခရိုင်တရားရုံးနှင့် တောင်ကြီးမြို့နယ်တရားရုံး မှ အမှုထမ်းများမှဝင်ရောက်ယှဉ်ပြိုင်ကြသည်ကို ဝင်ရောက်ယှဉ်ပြိုင်ကြသည်ကို တရားရေးအရာရှိ များကတခဲနက်အားပေးကြည့်ရှုခဲ့ကြသည်။ပြိုင်ပွဲတွင်ဆုရရှိသူများအား (၇.၄.၂၀၂၃)ရက်နေ့ညနေပိုင်းတွင် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တောင်ကြီးခရိုင် နှင့်တောင်ကြီးမြို့နယ်တရားရုံးများမှ တရားသူကြီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။