ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ၁၀.၅.၂၀၂၃ ရက်နေ့ နံနက် ၁၃:၀၀ နာရီအချိန်တွင် လင်းခေးခရိုင်တရားသူကြီး ဦးမျိုးဝင်း လိုက်ပါလျက် မိုင်းပန်မြို့နယ်တရားရုံးအားလည်းကောင်း၊ ၁၁.၅.၂၀၂၃ ရက်နေ့ ၀၈:၀၀ နာရီအချိန်တွင် လင်းခေးခရိုင်တရားရုံးနှင့် လင်းခေးမြို့နယ်တရားရုံးတို့အား လည်းကောင်း၊ယင်းနေ့ ၁၀:၃၀ နာရီအချိန်တွင် နမ့်စန်ခရိုင်တရားသူကြီး ဦးဇော်မင်း လိုက်ပါ လျက် မိုးနဲမြို့နယ်တရားရုံးအားလည်းကောင်း၊ ၁၂.၅.၂၀၂၃ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် ကွန်ဟိန်းမြို့နယ်တရားရုံးအားလည်းကောင်း၊ယင်းနေ့ ၁၄:၃၀ နာရီအချိန်တွင် နမ့်စန်မြို့နယ် တရားရုံးအားလည်းကောင်း၊ ဆက်လက်၍ ယင်းနေ့ ၁၆:၀၀ နာရီအချိန်တွင် နမ့်စန်ခရိုင် တရားရုံးအားလည်းကောင်း သွားရောက်စစ်ဆေးခဲ့၍ သက်ဆိုင်ရာ ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများက တရားစီရင်ရေးအခြေအနေနှင့် ရုံးလုပ်ငန်းအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပြီးနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင် က တရားစီရင်ရေး၊ ရုံးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်