သတင်းများ

ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိများ၏ Zoom Application ဖြင့်ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Post Image

ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား (၅-၁၂-၂၀၂၀)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ လမ်းညွှန်အမှာစကားပြောကြား၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၁)ဒေါ်စန္ဒာအောင်မှ တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၂)ဦးအောင်သိန်းမှ ဦီးတိုက် လျှောက်ထားမှုများတွင် ကျင့်ထုံးဥပဒေပုဒ်မ-၂၀၂အရ ကြန့်ကြာမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ ထို့နောက် ဆက်လက်၍ ရှမ်းပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ခင်စိုးယုမှ Covid-19ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း တရားရုံးများအနေဖြင့် လိုက်နာဆောင်ရွက်ရန် ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးပြီး ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြား ရေးမှူးတို့မှ ရာဇဝတ်အာဏာတိုးလျှောက်ထားရာတွင် တွေ့ရှိရသည့်လိုအပ်ချက်များ၊ ရွေးကောက်ပွဲ ဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်များနှင့် သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်း ညွှန်ကြားချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ တောင်ကြီးခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးမှ တရားရေးအရာရှိများ စုစုပေါင်း (၁၉)ဦးတက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံးများမှ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများမှ Zoom Meeting ဖြင့် အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့်ပတ်သက်၍ လိုအပ်ချက်များကို ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား နေ့လည်(၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်