သတင်းများ

ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများ သွားရောက်စစ်ဆေးခြင်း

                                                                                                               

                   ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ၂၁.၃.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျိုင်းတုံခရိုင်တရားသူကြီး ဦးရှိန်မြင့် လိုက်ပါလျက် မိုင်းခတ်မြို့နယ်တရားရုံးအားလည်းကောင်း၊ ဆက်လက်၍ ယင်းနေ့ ၁၃:၅၀ နာရီအချိန်တွင် မိုင်းယန်းခရိုင်တရားရုံးအားလည်းကောင်း၊ ၂၃.၃.၂၀၂၃ ရက်နေ့ ၀၈:၀၀ နာရီအချိန်တွင် မိုင်းယောင်းခရိုင်တရားရုံးအားလည်းကောင်း၊ ယင်းနေ့ ၁၄:၂၀နာရီအချိန်တွင် တာချီလိတ်ခရိုင်တရားသူကြီး ဦးစံမြင့် လိုက်ပါလျက် မိုင်းဖြတ်မြို့နယ် တရားရုံးအားလည်းကောင်း၊ ၂၄.၃.၂၀၂၃ ရက်နေ့ ၀၉:၃၀ နာရီအချိန်တွင် တာချီလိတ်ခရိုင် တရားရုံးအားလည်းကောင်း သွားရောက်စစ်ဆေးခဲ့၍ သက်ဆိုင်ရာ ခရိုင်တရားသူကြီးများနှင့် မြို့နယ်တရားသူကြီးများက တရားစီရင်ရေးအခြေအနေနှင့် ရုံးလုပ်ငန်းအ‌ခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပြီးနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင် က တရားစီရင်ရေး၊ ရုံးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

 

 

ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ