သတင်းများ

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း

                                                                                                               

                   ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ၂၁.၃.၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျိုင်းတုံခရိုင်တရားသူကြီး ဦးရှိန်မြင့်နှင့် မိုင်းခတ်မြို့နယ်တရားသူကြီး ဦးဝင်းထွန်း တို့လိုက်ပါလျက် မိုင်းခတ်မြို့မ ရဲစခန်းအားလည်းကောင်း၊ ဆက်လက်၍ ယင်းနေ့ ၁၄:၀၀ နာရီအချိန်တွင် မိုင်းယန်းခရိုင် တရားသူကြီး ဦးစခိုင်ကျော်ဌေး လိုက်ပါလျက် မိုင်းယန်းမြို့မရဲစခန်းအားလည်းကောင်း၊ ၂၂.၃.၂၀၂၃ ရက်နေ့ ၀၈:၀၀ နာရီအချိန်တွင် ကျိုင်းတုံခရိုင်တရားသူကြီး ဦးရှိန်မြင့်  နှင့် ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးကြည်ယု တို့လိုက်ပါလျက် ကျိုင်းတုံအကျဉ်းထောင်အား လည်းကောင်း၊ ယင်းနေ့ ၀၉:၅၄ နာရီအချိန်တွင် ကျိုင်းတုံမြို့မရဲစခန်းအားလည်းကောင်း၊ ၂၃.၃.၂၀၂၃ ရက်နေ့ ၀၈:၄၅ နာရီအချိန်တွင် မိုင်းယောင်းခရိုင်တရားသူကြီး ဦးညီညီထွန်း လိုက်ပါလျက် မိုင်းယောင်းမြို့မရဲစခန်းအားလည်းကောင်း၊ ၂၄.၃.၂၀၂၃ ရက်နေ့ ၀၈:၃၀ နာရီ အချိန်တွင် တာချီလိတ်ခရိုင်တရားသူကြီး ဦးစံမြင့် လိုက်ပါလျက် တာချီလိတ်အချုပ်ထောင် အားလည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး ထိုသို့ အကျဉ်းထောင်နှင့်အချုပ်စခန်းများအား စစ်ဆေးခြင်းနှင့်ပတ်သက်၍ အကျဉ်းထောင်များစစ်ဆေးရာတွင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံ နေရသည့် အကျဉ်းသား/အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့မှု ရှိ/မရှိ၊ သန့်ရှင်းသောသောက်ရေ/သုံးရေရရှိမှု အခြေအနေ၊ ဥပဒေပါအခွင့်အရေးအရ အယူခံ/ ပြင်ဆင်တက်ရောက်မှုအခွင့်အရေးရရှိမှု ရှိ/မရှိ၊ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းသားများအား ထိန်းသိမ်း ထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/မရှိ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိ/မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊ ရဲစခန်းအချုပ်ခန်းများ စစ်ဆေးရာတွင် ရဲအချုပ်စခန်း၌အချုပ်တရားခံများ ပိုမိုများပြားနေမှုရှိ/မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများ စစ်ဆေးရာတွင်ကြန့်ကြာနေရသော အခက်အခဲများကိုမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်းအချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှု ရှိ/မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိ/မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ