သတင်းများ

ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊တရားရေးအရာရှိများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ တရားသူကြီးများ၊ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီး များ၊ တွဲဖက်မြို့နယ်တရားသူကြီးများနှင့်ဒုတိယမြို့နယ်တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

 

ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊တရားရေးအရာရှိများ၊ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ တရားသူကြီးများ၊ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီး များ၊ တွဲဖက်မြို့နယ်တရားသူကြီးများနှင့်ဒုတိယမြို့နယ်တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

                                            

          ရှမ်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီး များ၊ တွဲဖက်မြို့နယ်တရားသူကြီးများ နှင့် ဒုတိယမြို့နယ်တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် (စနေနေ့) နံနက် (၉:၀၀) နာရီမှစတင်ပြီး  Zoom application  ကိုအသုံးပြု၍  Online Virtual Meeting  စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်မှ အဖွင့်အမှာစကားပြောကြားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီး တို့မှ မှုခင်းစစ်ဆေးပြီးပြတ်မှုနှင့်ပတ်သက်သည့် အခြေအနေများကို Power Point ဖြင့်ရှင်းလင်း တင်ပြခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၁) ဒေါ်စန္ဒာအောင်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီး (၂) ဦးအောင်သိန်း နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၃) ဒေါ်နန်းမေယဉ်တို့မှ အမှုများနှင့်စပ်လျဉ်း၍လမ်းညွှန်ပြောကြားခဲ့ပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်ပြုံးပြုံးကြည်မှ စီမံရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ရှင်းလင်းရန်ကျန်ရှိသောအချက်များကို ရှင်းလင်း မှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအားနေ့လည် ( ၁၂ : ၃ဝ ) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

                             

          ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီး(၂)ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး(၂) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၅) ဦး၊ဦးစီးအရာရှိ (၂) ဦး၊တောင်ကြီးခရိုင်တရားရုံးမှ ဒုတိယဦးစီးမှုး (၁)ဦးနှင့် တောင်ကြီးမြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး (၁)ဦး၊ စုစုပေါင်း(၁၅) ဦးတို့သည် ရှမ်းပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ကြပြီး တရားလွှတ်တော် တရားသူကြီး(၁)ဦး နှင့် ကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီး များ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဒုတိယမြို့နယ်တရားသူကြီးများစုစု​ပေါင်း (၉၇) ဦးတို့သည် Online မှတဆင့်တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်