သတင်းများ

လားရှိုးမြို့မနှင့် နယ်မြေအချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

လားရှိုးမြို့မနှင့် နယ်မြေအချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း

                                                                                         

                ရှမ်းပြည်နယ်တရားလွှတ်တော်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် (၂၄.၁၁.၂၀၂၂)ရက်နေ့ မွန်းလွှဲ(၁၃:၀၀)နာရီတွင် လားရှိုးမြို့၊ မြို့မ အချုပ်စခန်း နှင့် နယ်မြေ အချုပ်စခန်းများသို့ သွားရောက်စစ်ဆေးခဲ့ရာ လားရှိုးခရိုင်တရားရုံးမှခရိုင်တရားသူကြီး ဦးဝင်းကိုကို၊ ဒုတိယခရိုင်တရားသူကြီး ဦးကျော်သူမိုးနှင့် လားရှိုးမြို့နယ်တရားသူကြီး ဦးပြည့်ဖြိုးဆွေတို့လိုက် ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်း တာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါ သည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်းရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်းအမှုများ စစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကိုမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ