သတင်းများ

လားရှိုးအကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

လားရှိုးအကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခြင်း

                                                                  

                ရှမ်းပြည်နယ်တရားလွှတ်တော်၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် (၂၄.၁၁.၂၀၂၂)ရက်နေ့ မွန်းလွှဲ(၁၄:၀၀)နာရီတွင် လားရှိုးမြို့၊ အကျဉ်းထောင်သို့ သွားရောက် စစ်ဆေးခဲ့ရာ လားရှိုးခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးဝင်းကိုကို၊ ဒုတိယခရိုင်တရားသူကြီး ဦးကျော်သူမိုးနှင့် လားရှိုးမြို့နယ်တရားသူကြီး ဦးပြည့်ဖြိုးဆွေတို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအကျဉ်း စခန်းတာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင်စား သောက်မှု အဆင်ပြေချောမွေ့မှု ရှိ/ မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေ ရရှိမှုအခြေအနေ၊ ဥပဒေပါ အခွင့်အရေးအရ အယူခံ/ ပြင်ဆင်တက်ရောက်မှု အခွင့်အရေးရရှိမှု ရှိ/ မရှိ၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီအကျဉ်းသားများအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက် ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ခဲ့ပြီး တရားရုံးများက ချမှတ်ထားသည့် ပြစ်ဒဏ်များသည် ဥပဒေ နှင့်ညီညွတ်ခြင်း ရှိ/ မရှိ ကိုပါ စိစစ်စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ ပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်