ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် တွဲဖက်မြို့နယ်တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး
ရှမ်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူ ကြီးများ၊ တွဲဖက်မြို့နယ်တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ လ ၁၆ ရက် (တနင်္ဂနွေနေ့) နံနက် (၉ : ၀၀) နာရီမှစပြီး Zoom application ကို အသုံးပြု၍ Online Virtual Meeting စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့ပါသည်။
အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကားပြောကြားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးတို့ မှ မှုခင်းစစ်ဆေးပြီးပြတ်မှုအခြေအနေတို့နှင့် ပတ်သက်သည့်အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပါသည်။ အစည်းအဝေးအား နေ့လည် (၁၂:၃ဝ) နာရီတွင် ခေတ္တရပ်နား၍ နေ့လည် (၁ :၃ဝ) တွင် ပြန်လည်ကျင်းပခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၁) ဒေါ်စန္ဒာအောင်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၂) ဦးအောင်သိန်းတို့မှ အမှုများနှင့်စပ် လျဉ်း၍လမ်းညွှန်ပြောကြားခဲ့ပါသည်။ ထို့ပြင်ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နန်းမေယဉ်နှင့် စေ့စပ် ညှိနှိုင်းဖြေရှင်းရေးအရာရှိ ဦးမောင်မောင်အေးတို့မှ စီမံ/ထောက်ပံ့နှင့် စေ့စပ်ဖြေရှင်းရေးကိစ္စရပ်များ ကို ထပ်ဆင့်ရှင်းလင်းမှာကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ရှင်းလင်းရန် ကျန်ရှိသောအချက်များကို ပြန်လည်ရှင်းလင်းမှာကြား၍ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့ပြီး အစည်းအဝေးအား ညနေ ( ၃ : ဝဝ ) နာရီတွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၂) ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေး မှူး (၂ ) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၂ ) ဦး၊ ဦးစီးအရာရှိ ( ၁) ဦး၊ တောင်ကြီခရိုင်တရားရုံးမှ ဒုတိယ ဦးစီးမှုး(၁)ဦးနှင့် တောင်ကြီးမြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး (၁)ဦး၊ စုစုပေါင်း(၁၁)ဦး တို့သည် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ကြပြီး ကျန်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဒုတိယမြို့နယ်တရားသူကြီးများ စုစုပေါင်း (၉၂) ဦးတို့ သည် Online မှ တဆင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်