တာချီလိတ်အချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၃.၁၀.၂၀၂၂) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် တာချီလိတ်မြို့၊ အချုပ် စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ တာချီလိတ်ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးစံမြင့် ၊ မိုင်းယောင်းခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးညီညီထွန်း နှင့် တာချီလိတ်မြို့နယ်တရားသူကြီး ဦးအောင်ကျော်ဆန်းတို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်းတာဝန်ခံအရာရှိမှ လိုက်ပါရှင်းလင်းခဲ့ ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေ ခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသောအခက်အခဲများကို မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများ အား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ် သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်