သတင်းများ

ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တိုးချဲ့ဖွဲ့စည်းဖွင့်လှစ်သည့် မိုင်းယောင်းခရိုင်တရားရုံး ဆောက်လုပ်နိုင်ရန် လျာထားသော ရုံးမြေနေရာများ သွားရောက်ကြည့်ရှုခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ

တိုးချဲ့ဖွဲ့စည်းဖွင့်လှစ်သည့်  မိုင်းယောင်းခရိုင်တရားရုံး ဆောက်လုပ်နိုင်ရန် လျာထားသော ရုံးမြေနေရာများ သွားရောက်ကြည့်ရှုခြင်း

 

          ရှမ်းပြည်နယ်အတွင်း တိုးချဲ့ဖွဲ့စည်းဖွင့်လှစ်သည့် မိုင်းယောင်းခရိုင်တွင် ခရိုင်တရားရုံး ဆောက် လုပ်နိုင်ရေး မြေနေရာလျာထားမှုအခြေအနေကို သိရှိရန်အတွက် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် မိုင်းယောင်းမြို့၊ မြေနေရာချထားပေးမည့်နေရာသို့   (၂.၁၀.၂၀၂၂) ရက်နေ့ ၊ နေ့လည် (၂:၃၀)အချိန်တွင် သွားရောက်ခဲ့ပါသည်။

          ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် တာချီလိတ်ခရိုင် တရားသူကြီး ဦးစံမြင့်၊ မိုင်းယောင်းခရိုင်တရားသူကြီး ဦးညီညီထွန်း နှင့် မိုင်းယောင်းခရိုင် အုပ်ချုပ်ရေးမှူး ၊ မိုင်းယောင်းခရိုင်ရဲတပ်ဖွဲ့မှူး ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးတို့လိုက်ပါလျက် မိုင်းယောင်းမြို့၊ ခရိုင်တရားရုံးသစ်ဆောက်လုပ်ရန်လျာထားသည့် မြေနေရာနှင့်စပ်လျဉ်း၍ လျာထားသော မြေနေရာအကျယ်အဝန်းအား ကွင်းဆင်းလေ့လာမှု ပြုလုပ် ခဲ့ရာ ခရိုင်တရားရုံးသစ် ဆောက်လုပ်ရန် လျာထားသည့်မြေနေရာနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများမှ ရှင်းလင်းပြသခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်