ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဉီးစီးမှူး၊ ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိ များ၏ လုံခြုံရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည့် အစည်းအဝေးအား (၁၀-၂-၂၀၂၁)ရက်နေ့ မွန်းလွဲ (၀၁:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က အဖွင့်အမှာ စကား ပြောကြား၍ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်အေးအေးလှိုင်က လုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ တောင်ကြီးခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးမှ တရားရေးအရာရှိများ စုစုပေါင်း(၁၉)ဦး တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံးများမှ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း (၄၀)ဦးမှ Zoom Meeting ဖြင့် အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄၊ ၁၂၇၊ ၁၂၈တို့နှင့်စပ်လျဉ်း၍ စကားရပ်များအစားထိုးသည့်ဥပဒေအရ ဥပဒေပြဌာန်းချက်များ၊ လုပ်ပိုင်ခွင့်ရှိသူများကိုလည်းကောင်း၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)အရ အမှုစွဲဆိုသည့်အခါ လိုက်နာရမည့် ကျင့်ထုံးများကိုလည်းကောင်း၊ နေအိမ်ရှာဖွေဝရမ်း၊ လူဖမ်းဝရမ်းတို့နှင့်စပ်လျဉ်းသည့် လိုက်နာရမည့် ကျင့်ထုံးများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများကျင့်ဝတ်နှင့်အညီ နေထိုင်ရေး၊ နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေတို့ကို လေးစားလိုက်နာရန်နှင့် Covid-19 ကူးစက်ရောဂါအတွက် ကျန်းမာရေး ဌာန၏ ညွှန်ကြားချက်များကို လိုက်နာကြရန် အထူးသတိပေးမှာကြားကာ အခမ်းအနားအား မွန်းလွဲ (၀၃:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်
_1625749294.jpg)
_1625749314.jpg)
_1625749328.jpg)