သတင်းများ

မိုင်းယောင်းအချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

မိုင်းယောင်းအချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း

                                                                                                                  

                                ရှမ်းပြည်နယ်တရားလွှတ်တော်၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂.၁၀.၂၀၂၂) ရက်နေ့ နံနက် (၁၀:၄၅) နာရီတွင် မိုင်းယောင်းမြို့၊ အချုပ်စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ တာချီလိတ်ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးစံမြင့် နှင့် မိုင်းယောင်းခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးညီညီထွန်း တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာ အချုပ်စခန်းတာဝန်ခံအရာရှိမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာ တွင် ရဲအချုပ်စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသောအခက်အခဲများကို မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ် စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ် စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ် သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ် ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်