သတင်းများ

မိုင်းဖြတ်အချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

မိုင်းဖြတ်အချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း

                                                                                         

                                ရှမ်းပြည်နယ်တရားလွှတ်တော်၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂.၁၀.၂၀၂၂)ရက်နေ့ နံနက်(၈:၃၀) နာရီတွင် မိုင်းဖြတ်မြို့အချုပ်စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ တာချီလိတ်ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးစံမြင့် နှင့် မိုင်းဖြတ် တရားရုံးမှ မြို့နယ်တရားသူကြီး ဦးလွင်မိုးမြင့် တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာ အချုပ်စခန်း တာဝန်ခံအရာရှိမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ် စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများ စစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကိုမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ် စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်