တိုးချဲ့ဖွင့်လှစ်ထားသော မိုင်းယန်းခရိုင်တရားရုံးသို့ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၁.၁၀.၂၀၂၂)ရက်နေ့ နေ့လည်(၂:၃၀)နာရီအချိန်တွင် ရှမ်းပြည်နယ်အတွင်း တိုးချဲ့ဖွင့်လှစ်သည့် မိုင်းယန်းခရိုင်တရားရုံးသို့ သွားရောက်စစ်ဆေးကြည့်ရှုရာ မိုင်းယန်းခရိုင် တရားသူကြီး ဦးစခိုင်ကျော်ဌေးမှ ခရိုင်ရုံးဖွင့်လှစ်ထားမှု အခြေအနေနှင့်စပ်လျဉ်း၍ တရားခွင်များ၊ နားနေခန်းများ၊ တရားခွင်၊ အချုပ်ခန်းများအား လိုက်လံပြသရှင်းလင်းခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တိုးချဲ့ဖွင့်လှစ်သည့် မိုင်းယန်းခရိုင် တရားရုံးနှင့်ပတ်သက်၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်