သတင်းများ

မိုင်းခတ်အချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

မိုင်းခတ်အချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း

                                                                                         

                                ရှမ်းပြည်နယ်တရားလွှတ်တော်၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၁.၁၀.၂၀၂၂)ရက်နေ့ နေ့လည် (၁:၀၀) နာရီတွင် မိုင်းခတ်မြို့၊ အချုပ်စခန်း သို့ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းယန်းခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးစခိုင်ကျော်ဌေး နှင့် ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးကြည်ယုတို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်း တာဝန်ခံအရာရှိမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ် စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများ စစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်း ထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သား များ ဥပဒေပါအခွင့်အရေးများရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်