မိုင်းယန်းအချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၁.၁၀.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀)နာရီတွင် မိုင်းယန်းမြို့၊ အချုပ်စခန်း သို့သွားရောက်စစ်ဆေးခဲ့ရာ မိုင်းယန်းခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးစခိုင်ကျော်ဌေး နှင့် မိုင်းယန်းမြို့နယ်တရားသူကြီး ဦးဟိန်းထက်အောင်တို့ လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ် စခန်းတာဝန်ခံအရာရှိမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်းရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများ စစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကိုမေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်း ထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ် သားများ ဥပဒေပါအခွင့်အရေးများရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့် အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်