တိုးချဲ့ဖွင့်လှစ်ထားသော မိုင်းယောင်းခရိုင်တရားရုံး နှင့် အချုပ်စခန်းများသို့ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂.၁၀.၂၀၂၂)ရက်နေ့ နံနက်(၈:၃၀) နာရီတွင် မိုင်းဖြတ်မြို့၊ အချုပ်စခန်းသို့ လည်းကောင်း၊ နံနက် (၁၀:၄၅) နာရီတွင် မိုင်းယောင်းမြို့၊ အချုပ်စခန်းသို့လည်းကောင်း၊ သွား ရောက်စစ်ဆေးခဲ့ရာ တာချီလိတ်ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဦးစံမြင့် နှင့် မိုင်းယောင်းခရိုင် တရားရုံးမှ ခရိုင်တရားသူကြီး ဦးညီညီထွန်း တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာ အချုပ်စခန်းတာဝန်ခံ အရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကိုမေးမြန်း၍ ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်း တွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့် အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အတွင်း တိုးချဲ့ဖွင့်လှစ်သည့် မိုင်းယောင်းခရိုင်တရားရုံးသို့ သွားရောက်စစ်ဆေးကြည့်ရှု့ရာ မိုင်းယောင်းခရိုင်တရားသူကြီး ဦးညီညီထွန်းမှ ခရိုင်ရုံးဖွင့်လှစ်ထားမှု အခြေအနေနှင့်စပ်လျဉ်း၍ တရားခွင်များ၊ နားနေခန်းများ၊ တရားခွင်၊ အချုပ်ခန်းများအား လိုက်လံပြသ ရှင်းလင်းခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တိုးချဲ့ဖွင့်လှစ်သည့် မိုင်းယောင်း ခရိုင်တရားရုံးနှင့်ပတ်သက်၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး ပြန်လည်ထွက်ခွာသွားခဲ့ ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်