သတင်းများ

ရှမ်းပြည်နယ်တရားသူကြီးချုပ်မှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ မှာကြားခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

ရှမ်းပြည်နယ်တရားသူကြီးချုပ်မှ လုပ်ငန်းဆိုင်ရာကိစ္စရပ်များ မှာကြားခြင်း

                                              

                   ရှမ်းပြည်နယ်တရားလွှတ်တော်၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၃၀.၉.၂၀၂၂)ရက်နေ့ နံနက်(၁၁:၃၀)နာရီတွင် ကျိုင်းတုံမြို့၊ မြို့နယ်ဥပဒေ ဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး လုပ်ငန်းဆိုင်ရာကိစ္စရပ်များ မှာကြားခဲ့ပါ သည်။ ထို့နောက်ဆက်လက်၍  နေ့လည် (၁၂:၀၀) နာရီတွင် ကျိုင်းတုံခရိုင်တရားရုံး နှင့် မြို့နယ် တရားရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပြီးလမ်းညွှန်မှာကြားခဲ့ပါသည်။

                ထိုသို့မှာကြားရာတွင် သက်ဆိုင်ရာတရားသူကြီးများက မိမိတို့ရုံးအလိုက် မှုခင်း များ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေ၊ သီးသန့်တရားရုံးထိုင်အမှုများ စွဲဆိုစစ်ဆေးပြီးပြတ်မှု အခြေအနေ၊ အထူးမှုခင်းများ စွဲဆိုစစ်ဆေးပြီးပြတ်မှုအခြေအနေများကို တင်ပြကြပြီး ပြည်နယ် တရားသူကြီးချုပ်မှ သတင်းလုံခြုံရေး၊ ပစ္စည်းလုံခြုံရေး၊ လူလုံခြုံရေးဂရုစိုက်ကြရန်၊ ပြည်သူများ နှင့်ပြောဆိုဆက်ဆံရာတွင် ချေငံပျူဌာစွာ ဆက်ဆံကြရန်၊ အမှုများစစ်ဆေးစီရင်ရာတွင် ပြည် သူများ၏အခက်အခဲများကို ညှာတာထောက်ထားရန်၊ အထက်အောက်အမိန့်နာခံမှုရှိရန်၊ မိမိ တို့ဆက်စပ်အဖွဲ့အစည်းများနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရန်၊ စည်းလုံးညီညွှတ်မှုရှိရန်၊ အထက်မှပေးအပ်သောအမိန့်များ အကောင်အထည်ဖော်မှုကို အချိန်နှင့်တပြေးညီတင်ပြရန်၊ ဥပဒေနှင့်အညီ လွတ်လပ်စွာတရားစီရင်ကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

                                                                                                   ရှမ်းပြည်နယ်တရားလွှတ်တော်