ရှမ်းပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးနှင့် မြို့နယ်တရားသူကြီးများ၏ အမှုလက်ကျန်လျော့နည်းကျဆင်းရေးနှင့် စပ်လျဉ်းသည့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကျင်းပပြုလုပ်ခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးနှင့် မြို့နယ်တရားသူကြီးများ၏ အမှုလက်ကျန်လျော့နည်း ကျ ဆင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက် (စနေနေ့) နံနက် (၁၀:၃၀) နာရီတွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါ သည်။
အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကားပြောကြားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီး၊ ခရိုင်တရားသူကြီးတို့မှ မှုခင်းစစ်ဆေးပြီးပြတ်မှု အခြေအနေတို့နှင့် ပတ်သက်သည့်အခြေအနေများကို Power Point ဖြင့် ရှင်း လင်းတင်ပြကြပြီး အသစ်တိုးချဲ့ဖွင့်လှစ်သော ခရိုင်တရားရုံး(၈) ရုံးမှ ရုံးဖွင့်လှစ်ထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ အစည်းအဝေးအား နေ့လည် (၁၂:၀ဝ) နာရီတွင် ခေတ္တရပ်နား၍ နေ့လည် (၁၂:၃ဝ) တွင် ပြန်လည်ကျင်းပခဲ့ပါသည်။ ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရား သူကြီး (၁) ဒေါ်စန္ဒာအောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး (၂) ဦးအောင်သိန်း နှင့် ပြည်နယ် တရားလွှတ်တော်တရားသူကြီး (၃) ဦးသန်းဦးလွင်တို့မှ အမှုများနှင့်စပ်လျဉ်း၍ လမ်းညွှန်ပြောကြား ခဲ့ပြီး ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နန်းမေယဉ်မှ ရုံးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်ချက်များ အား လမ်းညွှန်ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်မှ ရှင်းလင်း ရန်ကျန်ရှိသောအချက်များကို ပြန်လည်ရှင်းလင်းမှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်း အဝေးအား ညနေ ( ၄:၃ဝ ) နာရီတွင်ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
ယင်းအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီး(၃) ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး (၁) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၁) ဦး၊ ဦးစီးအရာရှိ (၁) ဦး၊ တောင်ကြီးမြို့နယ်တရားရုံးမှ တွဲဖက် မြို့နယ်တရားသူကြီး ( ၁ ) ဦးနှင့် တောင်ကြီးမြို့နယ်တရားရုံးမှ ဒုတိယမြို့နယ်တရားသူကြီး ( ၁ ) ဦး၊
စုစုပေါင်း (၁၀) ဦးတို့သည် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ကြ ပြီး ကျန်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ ဒုတိယခရိုင်တရား သူကြီးများ နှင့် မြို့နယ်တရားသူကြီးများ စုစုပေါင်း (၉၅) ဦးတို့ သည် Online မှ တဆင့် တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်