ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဉီးစီးမှူး၊ ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိ များ၏ လုံခြုံရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည့် အစည်းအဝေးအား (၄-၂-၂၀၂၁)ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ Zoom Meeting ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ အဖွင့်အမှာစကား ပြောကြား၍ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်အေးအေးလှိုင်မှ လုံခြုံရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရားသူကြီးများ၊ ပြည်နယ်တရားရေး ဦးစီးမှူးနှင့် တရားရေးအရာရှိများ၊ တောင်ကြီးခရိုင်တရားရုံးနှင့် မြို့နယ်တရားရုံးမှ တရားရေးအရာရှိများ စုစုပေါင်း(၁၉)ဦး တက်ရောက်ခဲ့ပြီး ရှမ်းပြည်နယ်အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတရားရုံးများမှ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားရုံးများမှ တရားသူကြီးများ စုစုပေါင်း (၄၀)ဦးမှ Zoom Meeting ဖြင့် အခမ်းအနားကို တက်ရောက်ခဲ့ပါသည်။
ထို့နောက် ပြည်နယ်အတွင်းရှိ တရားသူကြီးများ၊ တရားရေးအရာရှိများ၏ လုံခြုံရေးနှင့်စပ်လျဉ်း၍ လိုက်နာရမည်များကို ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား နံနက်(၁၀:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်
_1625748918.jpg)
_1625748939.jpg)
_1625748954.jpg)
_1625748969.jpg)
_1625748984.jpg)
_1625748997.jpg)
_1625749012.jpg)
_1625749029.jpg)
_1625749043.jpg)
_1625749057.jpg)
_1625749072.jpg)