ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် ရှမ်းပြည်နယ်အတွင်း တိုးချဲ့ဖွင့်လှစ်သည့် ကလောခရိုင်တရားရုံးသို့ သွားရောက်စစ်ဆေးကြည့်ရှု့ခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် (၂.၉.၂၀၂၂) ရက်နေ့ နေ့လည် (၁၂:၀၀) နာရီခန့်က ရှမ်းပြည်နယ်အတွင်း တိုးချဲ့ဖွင့်လှစ်သည့် ကလောခရိုင်တရားရုံးသို့ သွားရောက်စစ်ဆေးကြည့်ရှု့ရာ ကလောခရိုင်တရားသူကြီး ဦးဘုန်းမော်၊ ဒုတိယခရိုင်တရားသူကြီး ဦးမြအောင်၊ ကလောမြို့နယ်တရားသူကြီး ဒေါ်အေးလဲ့စန္ဒီမြင့် နှင့် တွဲဖက် မြို့နယ်တရားသူကြီး ဒေါ်ဝါဝါကျော်ထင် တို့မှ ခရိုင်ရုံးဖွင့်လှစ်ထားမှု အခြေအနေနှင့်စပ်လျဉ်း၍ တရားခွင်များ၊ နားနေခန်းများ၊ တရားခွင်၊ အချုပ်ခန်းများအား လိုက်လံ ပြသရှင်းလင်းခဲ့ပါသည်။
ထို့နောက် ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ တိုးချဲ့ဖွင့်လှစ်သည့် ကလောခရိုင် တရားရုံးနှင့်ပတ်သက်၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားပြီး နေ့လည် ( ၁၄ :၀၀) နာရီတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်