သတင်းများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများအား Zoom application ဖြင့် ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနား

    

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၏ (၂၃)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး အတွေ့အကြုံများအား Zoom  application ဖြင့်

ထပ်ဆင့်ရှင်းလင်းသည့် အခမ်းအနား

                            

                   ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် များ၏ (၂၃) ကြိမ်မြောက်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အတွေ့အကြုံများ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်း အနားကို ၂၀၂၂ ခုနှစ်၊ ဩဂုတ် လ ၂၇ရက် (စနေနေ့) နံနက် (၉:၀၀) နာရီမှစပြီး  Zoom  application  ကို အသုံးပြု၍ Online Virtual Meeting စနစ်ဖြင့် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

              အဆိုပါအစည်းအဝေးတွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က အမှာစကားပြောကြားပြီး တရားလွှတ်တော်တရားသူကြီး(၁)ဒေါ်စန္ဒာအောင်မှ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ မှာကြားချက်များကို ရှင်းလင်းခဲ့ပါသည်။ ထို့နောက် ပြည်နယ်တရားရေး ဦးစီးမှူးမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မှာကြားချက်များကို ပြန်လည်ရှင်းလင်း ဆွေးနွေး ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့  ရှမ်းပြည်နယ်တရားလွှတ်တော် မှ  ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး(၃) ဦး၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေး မှူး (၃) ဦး၊ လက်ထောက်ညွှန်ကြားရေးမှူး (၁) ဦး၊ ဦးစီးအရာရှိ (၁) ဦး၊ တောင်ကြီးမြို့နယ်တရားရုံး မှ တွဲဖက်မြို့နယ်တရားသူကြီး (၁) ဦး၊ ဒုတိယမြို့နယ်တရားသူကြီး(၁)ဦး စုစုပေါင်း (၁၂) ဦး တို့ သည် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမတွင် တက်ရောက်ခဲ့ကြပြီး ကျန်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများ စုစု​ပေါင်း (၈၉) ဦးတို့သည် Online  မှတဆင့် တက်ရောက်ခဲ့ကြပါ သည်။

              ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ (၂၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့်ပတ်သက်သည့် အတွေအကြုံများအား ထပ်ဆင့်ရှင်းလင်း၍ လိုအပ်ချက် များကို လမ်းညွှန်မှာကြားပြီး နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားအား နေ့လည်(၁၂:ဝဝ) နာရီတွင် ရုပ်သိမ်းကြောင်း သတင်းရရှိပါသည်။

                                                                                                                                                          ရှမ်းပြည်နယ်တရားလွှတ်တော်  

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ