တိုးချဲ့ဖွဲ့စည်းမည့် မိုင်းတုံခရိုင်တရာရုံးဖွင့်လှစ်ရန် လျာထားသည့်
ရုံးအဆောက်အဦနှင့် မြေနေရာအား ကြည့်ရှုစစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၃.၈.၂၀၂၂)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် မိုင်းတုံမြို့နယ်တရားရုံးအား ရှောင်တခင်စစ်ဆေးခြင်း၊ နံနက်(၁ဝး၀၀)နာရီအချိန်တွင် မိုင်းဆတ်ခရိုင်တရားသူကြီးဦးသက်ထွန်း၊ မိုင်းတုံမြို့နယ်တရားသူကြီးဦးဘုန်းမြင့်သောင်းတို့နှင့်အတူ လိုက်ပါပြီး အသစ်တိုးချဲ့ ဖွဲ့စည်းမည့် ခရိုင်တရားရုံးဖွင့်လှစ်ရန် လျာထားသည့် အဆောက်အဦးများနှင့် ခရိုင်တရားရုံးအတွက် လျာထားသော မြေကွက်အား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် လိုအပ်သည်များကို လမ်းညွှန်မှာကြား ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် နံနက်(၁၁း၀၀)နာရီအချိန်တွင် မိုင်းတုံမြို့နယ်ဉပဒေဆိုင်ရာ အထောက်အကူပေးရေးဉက္ကဌနှင့်အဖွဲ့ကို တွေ့ဆုံပြီး ဉက္ကဌမှရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်တရားသူကြီးချုပ်မှ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်