တာချီလိတ်မြို့မရဲတပ်ဖွဲ့အချုပ်စခန်းသို့ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၅.၈.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် တာချီလိတ်မြို့၊ တာချီလိတ်မြို့မရဲတပ်ဖွဲ့အချုပ်စခန်းသို့ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းဆတ်ခရိုင်တရားရုံးမှ ခရိုင် တရားသူကြီးစံမြင့်နှင့် တာချီလိတ်မြို့နယ်တရားသူကြီးဦးအောင်ကျော်ဆန်းတို့ လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအချုပ်စခန်းတာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲစခန်းအချုပ်၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ပေါင်းစပ်ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေး အတွက် ပိုမိုဂရုစိုက်စောင့် ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါ အခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်