သတင်းများ

မိုင်းဆတ်အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

မိုင်းဆတ်အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခြင်း       

                                                                                                               

                   ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၂.၈.၂၀၂၂) ရက်နေ့ မွန်းလွဲ(၂:၃၀)နာရီတွင် မိုင်းဆတ်မြို့၊ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့ရာ မိုင်းဆတ်ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီးဦးသက်ထွန်းနှင့် မိုင်းဆတ် မြို့နယ်တရားသူကြီးဦးကျော်ဇောလင်းတို့ လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအကျဉ်းထောင်တာဝန်ခံ အရာရှိများမှ  လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အကျဉ်းထောင်ရှိ  ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့မှု ရှိ/ မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေရရှိမှုအခြေအနေ၊ ဥပဒေပါ အခွင့်အရေးအရ အယူခံပြင်ဆင်တက်ရောက် မှု အခွင့်အရေးရရှိမှု ရှိ/ မရှိ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့် အညီ အကျဉ်းသားများအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက် စောင့်ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ လူ့အခွင့်အရေးချိုးဖောက် ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြား ခဲ့ပါသည်။

 

 

ရှမ်းပြည်နယ်တရားလွှတ်တော်