သတင်းများ

“ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ” နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား
Post Image Post Image Post Image Post Image Post Image Post Image Post Image

“ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ”  နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား

                                                                  

      ရှမ်းပြည်နယ်တရားလွှတ်တော်မှ ကြီးမှူးကျင်းပသော  “ တရားမမှုများတွင် တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ် ” နှင့်စပ်လျဉ်း၍ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့၊  နံနက် ( ၉:ဝဝ ) နာရီအချိန်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊  မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာ စကားပြောကြားပြီး ဆက်လက်၍ ရှမ်းပြည် နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က တရားမမှုများတွင် တရားရုံးကဦး ဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်နှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့ပါသည်။

       ထို့နောက် ရှမ်းပြည်နယ်တရားလွှတ်တော်၊ စေ့စပ်ဖြေရှင်းရေးအရာရှိ ဒုတိယညွှန် ကြားရေးမှူး ဦးမောင်မောင်အေးမှ တက်ရောက်လာသူများအား စေ့စပ်ဖြေရှင်းရေးစနစ်နှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ် အဆင့်ဆင့်တို့အား ရှင်းလင်းမိတ်ဆက် တင်ပြခဲ့ပါ သည်။ 

    အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် ၊  ဗိုလ်မှုးကြီးလှဦး  (လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး) ၊  ဦးခွန်သိန်းမောင်(စီးပွားရေးရာဝန်ကြီး) ၊ ဦးအောင်မြင့်( လူမှုရေးဝန်ကြီး)၊ ဦးအောင်ကြည်ဝင်း (တိုင်းရင်းသားရေးရာဝန်ကြီး) ၊ ဦးစိုင်းကျော်ဇံ(ပြည်နယ်ဥပဒေချုပ်) ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ဒေါက်တာကိုကိုနိုင်(ဒု-ပါမောက္ခချုပ်)၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်နန်းမေယဉ်၊ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ တရားရေးအရာရှိများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး၊ တောင်ကြီးခရိုင်တရားရုံးနှင့် တောင်ကြီး မြို့နယ်တရားရုံးမှ တရားသူကြီးများ၊ မြို့မိ/ မြို့ဖများ၊ စုစုပေါင်း (၉၈) ဦး တက်ရောက်ခဲ့ ကြပါသည်။

                                                                                   

ရှမ်းပြည်နယ်တရားလွှတ်တော်