အချုပ်စခန်းများသို့ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၈.၇.၂၀၂၂) ရက်နေ့ နံနက် (၈:၃၀)နာရီတွင် မိုင်းရယ်မြို့၊ မြို့မအချုပ် စခန်းသို့လည်းကောင်း၊ နံနက် (၁၁:၃၀)နာရီတွင် တန့်ယန်းမြို့၊ မြို့မအချုပ်စခန်း သို့လည်း ကောင်း၊ သွားရောက်စစ်ဆေးခဲ့ရာ လားရှိုးခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးကျော်သူမိုး၊ မိုင်းရယ်မြို့နယ်တရားသူကြီး ဦးပြေကျော်ထွန်း နှင့် တန့်ယန်းမြို့နယ်တရား သူကြီး ဦးဇွဲမာန်ပိုင် တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာ အချုပ်စခန်းတာဝန်ခံအရာရှိများမှ လိုက်ပါ ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် ရဲအချုပ်စခန်းများ၌ အချုပ်တရား ခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာ နေရသော အခက်အခဲများကို မေးမြန်း၍ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်း ညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟို ကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်စခန်းတွင် ထိန်းသိမ်း ထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ် သားများ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့် အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်