သတင်းများ

လားရှိူးအကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

လားရှိူးအကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခြင်း

                                                                                                              

                   ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၇.၇.၂၀၂၂) ရက်နေ့ နံနက် (၈:၃၀)နာရီတွင် လားရှိုးမြို့၊ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့ရာ လားရှိုးခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးသိန်းဆွေဦး၊ ဒုတိယခရိုင်တရားသူကြီး ဦးကျော်သူမိုး နှင့် လားရှိုးမြို့နယ်တရားသူကြီး ဦးအောင်ကိုကို တို့ လိုက်ပါခဲ့ပြီး သက်ဆိုင်ရာအကျဉ်းစခန်း တာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိ ရှိရပါသည်။ ထိုသို့စစ်ဆေးရာတွင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့မှု ရှိ/ မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေရရှိမှုအခြေအနေ၊ ဥပဒေပါ အခွင့်အရေးအရ အယူခံပြင်ဆင်တက်ရောက် မှု အခွင့်အရေးရရှိမှု ရှိ/ မရှိ၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အကျဉ်းသားများအား ထိန်းသိမ်းထားရှိ ရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်