ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း (၅၀၀)၊ ဒုတိယအကြိမ် ကျပ်သန်း (၁၂၅၀)စုစုပေါင်းကျပ်သန်း(၁၇၅၀)ဖြင့် ဆောင်ရွက်မည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးနှင့် ဟိုပုံးမြို့နယ်တရားရုံးအဆောက်အဦပန္နက်တင်မင်္ဂလာအခမ်းအနားသို့ ရှမ်းပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးအောင်သိန်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးစောအောင်မျိုး၊ ပြည်နယ် တရားရေးဦးစီးမှူး ဒေါ်အေးအေးလှိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ပအို၀်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်း၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်(လုံခြုံ)ဒုတိယဗိုလ်မှူးကြီး ညီညီတင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးအောင်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး စောအောင်မျိုး၊ ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်အေးအေးလှိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ပအို၀်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးအောင်သိုက်ဝင်း၊ ပအို၀်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ အလုပ်အမှုဆောင်(လုံခြုံ)ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ရှမ်း ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်တို့က ပန္နက်တော်(၉)ချက်တင်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
အဆိုပါအဆောက်အဦကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမအကြိမ် ပြည်ထောင်စုရန်ပုံငွေကျပ် သန်း (၅၀၀)၊ ဒုတိယအကြိမ် ကျပ်သန်း (၁၂၅၀) စုစုပေါင်းကျပ်သန်း(၁၇၅၀)ဖြင့် ဆောင်ရွက်သည့် အလျား(၁၉၄)ပေ၊ အနံ(၇၄)ပေ RC(၂)ထပ်အဆောက်အဦဖြစ်ပြီး တင်ဒါအောင်မြင်သည့် ဇွဲမာန်ဟုန် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်
_1625747955.jpg)
_1625747992.jpg)
_1625748013.jpg)
_1625748029.jpg)
_1625748046.jpg)
_1625748063.jpg)
_1625748093.jpg)
_1625748117.jpg)
_1625748135.jpg)
_1625748154.jpg)
_1625748170.jpg)
_1625748186.jpg)