သတင်းများ

အချုပ်စခန်းများသွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image Post Image

အချုပ်စခန်းများသွားရောက်စစ်ဆေးခြင်း 

                                                                                                               

                   ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် (၆.၇.၂၀၂၂) ရက်နေ့ နံနက် (၈:၃၀) နာရီတွင် လားရှိုးမြို့၊ နယ်မြေရဲတပ် ဖွဲ့စခန်း သို့လည်းကောင်း၊ (၉:၀၀) နာရီတွင် လားရှိုးမြို့၊ မြို့မရဲတပ်ဖွဲ့စခန်း သို့လည်းကောင်း သွားရောက်စစ်ဆေးခဲ့ရာ လားရှိုးခရိုင်တရားသူကြီး ဦးဝင်းကိုကို၊ ဒုတိယခရိုင်တရားသူကြီး ဦးကျော်သူမိုး၊ လားရှိုးမြို့နယ်တရားသူကြီး ဦးအောင်ကိုကို တို့လိုက်ပါခဲ့ပြီး သက်ဆိုင်ရာ အချုပ်စခန်းတာဝန်ခံအရာရှိများမှ လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့စစ်ဆေး ရာတွင် ရဲအချုပ်စခန်းများ၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/ မရှိ၊ ကိုဗစ်ကာလ အတွင်း အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်၊ ထိန်း ချုပ်၊ ကုသရေးအမျိုးသား အဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သား များအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့် ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများ ရရှိမှု ရှိ/ မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိ/ မရှိ စသည်များကို စစ်ဆေးကြည့်ရှု့ပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်