ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်သည် ရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး နှင့် ဟိုပုံးမြို့နယ် တရားရုံး တည်ဆောက်ရေးလုပ်ငန်းသို့ သွားရောက်စစ်ဆေးကြည့်ရှု့ခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် (၁၅.၆.၂၀၂၂)ရက်နေ့ နံနက်(၁၀:၀၀)နာရီခန့်က ရှမ်းပြည်နယ်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးနှင့် ဟိုပုံးမြို့နယ်တရားရုံး တည်ဆောက်ရေးလုပ်ငန်းသို့ သွားရောက်စစ်ဆေးရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီး ဒေါ်သန္တာရှင်၊ ဟိုပုံးမြို့နယ်တရားသူကြီး ဦးအောင်ရဲကျော်၊ ဇွဲမာန်ဟုန်ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်ကိုကိုနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အရည်အသွေးစစ်ဆေးရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ရှင်းလင်း တင်ပြကြပါသည်။
ဇွဲမာန်ဟုန်ဆောက်လုပ်ရေးကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးမြတ်ကိုကိုမှ ၂၀၂၁ - ၂၀၂၂ ၊ ဘဏ္ဍာရေးနှစ်အထိ အဆောက်အဦဆောက်လုပ်ရန် ရန်ပုံငွေ စုစုပေါင်း ကျပ်သန်း (၇၅၀.၀၀) ရရှိခဲ့ပြီး ဘဏ္ဍာရေးနှစ်အမီ သတ်မှတ်သောလုပ်ငန်းများကို ဆောက်လုပ်ပြီးစီးပြီ ဖြစ်ကြောင်း ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ရန်ပုံငွေ ကျပ်သန်း (၅၀၀)ရရှိမည်ဖြစ်ကြောင်း ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းလုပ်ငန်းတစ်ခုလုံး၏ ၁၅ % ကို အကောင်အထည်ဖော်ခဲ့ပြီး စုစုပေါင်း လုပ်ငန်းပြီးစီးမှုမှာ ၃၈% ဖြစ်ကြောင်း၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်ကုန်ဆုံးလျှင် လုပ်ငန်း တစ်ခုလုံး၏ ၅၇% ပြီးစီးမည်ဖြစ်ကြောင်း၊ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျန်ရန်ပုံငွေကျပ်သန်း (၉၂၈.၄၆၈) ကို ထပ်မံခွဲဝေချထားပေးမည်ဖြစ်ကြောင်းနှင့် မြေပြင်တွင် လုပ်ငန်းပြီးစီးမှု လက်တွေ့ အခြေအနေများကို ပြသရှင်းလင်းခဲ့ပါသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး ဒေါ်သန္တာရှင်က ရုံးဝန်းအတွင်းသို့ဝင်ရန် ဝင်ပေါက်(၂)ခု သတ်မှတ်ထားသော်လည်း မြေပြင်အခြေ အနေအရ ဝင်ပေါက်(၁)ခုသာရှိကြောင်း နောက်ထပ်(၁)ခု ထပ်မံဖောက်ပေးစေလိုကြောင်း တင်ပြပါ သည်။
ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က သတ် မှတ်ထားသော လုပ်ငန်းစံချိန်စံညွှန်းနှင့်အညီ တည်ဆောက်ရေး၊ သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပြီးစီးရေး ရန်ပုံငွေများ ထုတ်ယူသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်း စည်းကမ်းနှင့်အညီ ထုတ်ယူသုံးစွဲရေး ၊ ဝန်းခြံအတွင်းသို့ ဝင်ပေါက် (၁) ခု ထပ်မံဖောက်လုပ်ရေး နှင့် အခန်းဖွဲ့စည်းသတ် မှတ်ရာတွင် အချို့အခန်းများကို ပြင်ဆင်သတ်မှတ်ရေး၊ လေဝင်လေထွက်နှင့် အလင်းရောင်အဝင် အထွက် မကောင်းသောအခန်းများကို သတ်မှတ်ထားသော အသေးစိတ်တွက်ချက်မှုနှင့် စာရင်းစစ် ၏ စည်းကမ်းဘောင်အတွင်း ကျရောက်ပါက အခန်း(၄)ခန်းအား ပြတင်းတံခါး(၄)ပေါက် ထပ်မံ ဖောက်ရန်နှင့် သံပန်းတပ်ဆင်ရေး မှာကြားပြီး နံနက်(၁၁:၃၀)နာရီတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်